Search Product

MHC PHARMACY MARKETPLACE ASK DOCTOROFFICIAL STORE
0000   | Sign up  Logout

All MEDICINES


0000
0000
  • MHC PHARMACY MARKETPLACE
  • ASK DOCTOR
  • OFFICIAL STORE

FAQs

လူကြီးမင်းအနေဖြင့် ကျွ်နုပ်တို့၏ website သို့မဟုတ် မိုဘိုင်း အက်ပလီကေးရှင်း အပေါ်တွင် သုံးစွဲမှု မေးလေ့ရှိသောမေးခွန်းများကို လေ့လာနိုင်ပါသည်။ လူကြီးမင်းတို့၏ မေးခွန်းများအောက်ဖော်ပြပါတွင်မရှိခြင်းနှင့် အရေးတကြီးမေးမြန်းလိုပါက အောက်ဖော်ပြပါ ဖုန်းလိုင်းနှင့် email များသို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Phone : 09788830352

Email : hello@myhealthcare.com.mm

ကျွန်တော် ကျွန်မ တို့ MyHealthcare ၏ ဝန်ဆောင်မှုများကို ကျေနပ်မှုမရှိပါက hello@myhealthcare.com.mm သို့ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

ဘယ်လိုမှတ်ပုံတင်မလဲ?

Home Page တွင်ဖော်ပြထားသော Sign up ကိုနိုပ်ပြီး မိမိ၏ အချက်အလက်များကို form တွင် ဖြည့်ထည့်ပေးရပါမည်။ လူကြီးမင်းတို့ terms and conditions အား ဖတ်ရှုနိုင်ပါသည်။ မှန်ကန်တိကျသော အချက်အလက်များဖြင့် မှတ်ပုံတင်စေလိုပါသည်။

မှတ်ပုံတင်ကြေးပေးဆောင်ရန်လိုပါသလား?

မှတ်ပုံတင်ကြေးပေးဆောင်ရန်မလိုပါ။

တခုထက်ပို၍ မှတ်ပုံတင်နိုင်ပါသလား?

ဖုန်းနံပါတ် တစ်ခုလျှင် MHC account တစ်ခုသာ မှတ်ပုံတင်နိုင်ပါသည်။

ပို့ဆောင်ရမည့်လိပ်စာ တခုထက်ပိုပြီး ထည့်နိုင်ပါသလား?

တစ်ခုထက်ပိုပြီးထည့်ထားနိုင်ပါတယ်။ သို့ပေမယ့် အော်ဒါတခုအတွက် လိပ်စာတခုတည်းကိုသာ ပို့ဆောင်နိုင်မှာဖြစ်ပြီး မတူညီသော လိပ်စာကို ပို့ဆောင်လိုပါက သီးခြား အော်ဒါ တင်ရပါမည်။

နယ်မြို့များမှာ မှာယူနိုင်ပါသလား?

နယ်မြို့များမှလည်း မှာယူနိုင်ပါတယ်။ ကားဂိတ်မှ တဆင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကားဂိတ်အရောက် ပို့ဆောင်ခနှင့် တန်ဆာခကို ဝယ်သူမှ ကျခံရမှာဖြစ်ပါတယ်။

မိသားစုဝင်တွေထဲမှာ ပို့ဆောင်ရမည့် လိပ်စာတူပြီး ဖုန်းနံပါတ် လိပ်စာမတူပဲ တခုထက်ပိုတဲ့ account တွေလုပ်လို့ရပါသလား?

ပြုလုပ်လို့ ရပါတယ်။

မိမိ၏ အကောင့် (My Account) ဆိုတာဘာလဲ?

မိမိ၏ အကောင့် (My Account) ဆိုတာ MHC အကောင့်ထဲသို့ Log in ဝင်ရောက်ပြီးလျှင် မိမိ၏ လက်ရှိ အမှာ အော်ဒါ၊ မှာခဲ့သော အမှာများ၊ မိမိ၏အချက်အလက်များ နှင့် အခြားသောလုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်သည်။

Password မေ့ခဲ့လျှင် ဘယ်လိုလုပ်ဆောင်ရမလဲ?

Login ဝင်ဝင်ချင်း page/screen ရှိ Forgot password (လျို့ဝှက်စကားဝှက် မေ့နေ) ကို နှိပ်ပြီး လူကြီးမင်း၏ ဖုန်းနံပါတ်အား ပြန်လည်ရေးသွင်းဖို့လိုအပ်ပါမည်။

ငွေပေးချေမှုတွေက ဘာလဲ?

လူကြီးမင်းတို့အနေဖြင့် MyHealthcare application သို့မဟုတ် www.myhealthcare.com.mm တွင် အောက်ပါငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။ (က) Cash On Delivery (COD) - ကုန်ပစ္စည်းရောက်ငွေရှင်းစနစ် Cash on Delivery (COD) - ကုန်ပစ္စည်းရောက် ငွေရှင်းစနစ်ကို ရွေးချယ်ခဲ့လျှင် မိမိဆီသို့ ကုန်ပစ္စည်းလက်ခံရရှိမှ ကုန်ပစ္စည်းစစ်ဆေးပြီး ကျသင့်ငွေသားအား ပို့ဆောင်ပေးသူထံ တခါတည်းပေးချေရပါမည်။ (ခ) KBZ Pay KBZ Pay မိုဘိုင်းငွေပေးချေမှုစနစ်ကို ရွေးချယ်ခဲ့လျှင် ချက်ချင်းအွန်လိုင်းမှတဆင့် ငွေပေးချေရမည်။ ပို့ဆောင်ပေးသော ကုန်ပစ္စည်းကို မှန်မမှန်စစ်ပြီး လက်ခံရယူရပါမည်။ ငွေပေးချေးမှုအား မှာယူသည့်အချိန်တွင် ကောက်ခံပြီးဖြစ်သည့်အတွက် ပို့ဆောင်ပေးသူထံ ထပ်မံငွေပေးချေရန် မလိုအပ်ပါ။

အွန်လိုင်းအော်ဒါတွင် အခွန်အခများ ကောက်ခံထားပါသလား?

MHC Pharmacy Marketplace မှ ရောင်းချသော ကုန်ပစ္စည်းများအတွက် Commercial Tax 5% အား ကောက်ခံပါသည်။ အခြားအခွန်အခများ ထပ်မံကောက်ခံထားခြင်း လုံးဝ မရှိပါ။

အကြွေးဝယ်ကဒ်၊ ငွေပေးချေကဒ်အား MHC application နဲ့ myhealthcare.com.mm တွင် အသုံးပြုလျှင် လုံခြုံစိတ်ချမှုရှိပါသလား?

VISA, Master နှင့် အခြား မိုဘိုင်းငွေပေးချေမှုတို့၏ ထိရောက်သော လုံခြုံမှုနည်းပညာများကြောင့် စိတ်ချစွာ ပေးချေနိုင်ပါတယ်။


Popular Items

SEE ALL➔

-20%

name
3,000 MMK
4,000 MMK





Conact us
MICT Park [Yangon Head Office] Building (19), Room No. 606, 5th floor, Hlaing Campus, MICT Park, Yangon, Myanmar.
Info
About Us
Contact Us
Privacy Policy
Terms and Condition
Customer Support
Frequently Asked Question
How to Buy
09 788 830 352
09 977 400 918
Stay Connected



MHC Pharmacy Marketplace © . All Rights Reserved
Developed by : Global New Wave Technology Co., Ltd