အော်ဒါမှာယူမည်ဆိုလျှင်
Step 1
မိမိမှာလိုသော ပစ္စည်းကို လိုချင်သော အရေအတွက်အလိုက် အပေါင်း အနုတ်နှိပ်ပြီး ရွေးချယ်ပေးရန်။ ရွေးပြီးပါက Add To Cart ကိုနှိပ်ပါ။ ရွေးချယ်ထားသော ပစ္စည်းများကို ဈေးခြင်းပုံကို နှိပ်၍ ကြည့်နိုင်သည်။
Step 2
ဈေးခြင်းထဲတွင် ရွေးချယ်ထားသောပစ္စည်းများကို မြင်ရမည်ဖြစ်ပြီး ထိုပစ္စည်းများ၏ အရေအတွက်ကိုလည်း စိတ်ကြိုက်ပြန်ပြင်ဆင်နိုင်သည်။ ထို့နောက်မှာယူလိုသော ပစ္စည်းများကို select မှတ်ပြီး အော်ဒါတင်ရန်အတွက် Order ကိုနှိပ်ပါ။
Step 3
Order Confirmation တွင် မှာထားသော ပစ္စည်းအရေအတွက်နှင့် Total Price နှင့် Delivery Fees များကို မြင်ရမည်။ ထို့နောက် ပစ္စည်းပို့ဆောင်ပေးရမည့် Shipping Address ပေါ်နေမည်ဖြစ်သည်။ ထိုလိပ်စာကို ပြင်ချင်ပါကလည်း Edit Address နှိပ်ပြီးပြင်လို့ရသည်။ Delivery Track လုပ်ရန်အတွက် Pick Location ကိုလည်း Step 3-1ပုံအတိုင်း - တိုင်း/မြို့နယ်နှင့် လိပ်စာအတိအကျကို ဖြည့်စွက်ပေးရမည်။။ ထို့နောက် ငွေပေးချေရန်အတွက် Payment Method ကို ရွေးချယ်ပေးရမည်။ အော်ဒါနှင့်ပတ်သက်ပြီး မှတ်ချက်ရှိပါကလည်း Remark တွင် ရေးသားပေးပို့နိုင်သည်။
Step 3-1
မိမိတည်နေရာမှန်ကန်ပါက OK ကိုနှိပ်ပါ။ ထို့နောက် Place Order ကိုနှိပ်ပြီး order confirm ပြုလုပ်နိုင်ပါသည်။
Step 4
အော်ဒါတင်ခြင်းပြီးမြောက်ပါက အထက်ပါပုံအတိုင်းတွေ့မြင်ရမည်အပြင် Order Success Notification လည်း ဝင်လာမည်ဖြစ်သည်။ Check Status ကိုနှိပ်ပါက Delivery status ကိုအသေးစိတ်တွေ့ရမည်။
Step 5
Delivery Screen တွင်လည်း မိမိမှာထားသော အော်ဒါများကိုဝင်ရောက်ပြီး အသေးစိတ် delivery status ကို ကြည့်နိုင်သည်။ (confirm မလုပ်ရသေးသော မှာယူထားသော အော်ဒါအားလုံး မြင်ရမည်ဖြစ်သည်။
Step 6
Delivery Status တွင် Preparing Package မှာ မိမိမှာယူထားသော အော်ဒါကို ဆိုင်မှ packaging အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ Dispatch သည် delivery ပို့ဆောင်ပေးရန်အတွက် ပို့ဆောင်သူမှ စတင်ထွက်လာခြင်းဖြစ်သည်။ Successful Delivery သည် မှာယူထားသောပစ္စည်းကို customer လက်ထဲသို့ပို့ဆောင်ပြီးပါက status သည် ထိုနေရာတွင်ပြနေမည်။ Step 6-1 တွင်အသေးစိတ်ကြည့်နိုင်သည်။
Step 6-1
Successful Delivery status ဖြစ်ပါက မှာယူသူမှ Confirmကို နှိပ်ပေးရမည်။ ထိုမှသာ ပို့ဆောင်ပေးသည့် အော်ဒါနှင့်ပတ်သက်ပြီး Feedback သို့မဟုတ် တစုံတရာရှိပါက ရေး သားပြီးပေးပို့နိုင်မည်ဖြစ်သည်။ ပုံ Step 6-2 ကိုကြည့်ရန်
Step 6-2
Your Feedback တွင်ရေးသားနိုင်ပြီး သက်ဆိုင်သောပုံများထည့်ပေးချင်ပါက camera icon ပုံလေးကိုနှိပ်ပြီးရွေးချယ်ထည့်ပေးနိုင်သည်။ ၎င်းအောက်တွင် မှာယူထားသော ပစ္စည်းများကို ပြန်ကြည့်နိုင်သည်။ Feedback ကိုပေးပို့ရန်အတွက် Submit Feedback ကိုနှိပ်ပါ။